ခံစားထိရှလွယ်သောအရေပြား လေ့လာစမ်းသပ်မှု ၂၀၀၆

လေ့လာမႈျပဳလုပ္သည့္ဌာန

Future Cosmetics, Pretoria, South Africa.

ရည်ရွယ်ချက်

ဓာတ်မတည့်လွယ်သော အရေပြားများတွင် Bi-Oil ကြောင့် ထိခိုက်သက်ရောက်မှု ရှိမရှိ စစ်ဆေးရန်

နမူနာများ

ပါ၀င်သူများ - ၂၁ ဦး၊ အသက် - ၁၈ မှ ၆၅ နှစ်၊ ရွေးချယ်ပုံ - ခံစားထိခိုက်လွယ် သောအရေပြားရှိသည်ဟု သိခံထားကြရသူများ၊ ၄င်းတို့ကို လက်တစ်အက်ဆစ် ဖြင့် ထိတွေ့စေပြီး သူတို့၏ အရေပြားနူးညံ့မှုကို ခွဲခြားသည်။

နည်းစနစ်

ကျပန်းစနစ်၊ ထိန်းချုပ်မှုအောက်တွင် နေရာ၃ခုလေ့လာသည်။ ဓါတ်ဖြိုခွဲထား သော ရေကိုလိမ်းပေးသည့်နေရာ (မထိန်းချုပ်ထားသည့်နေရာ)၊ Bi-Oil လိမ်းပေးသောနေရာ၊ နှင့် ဆိုဒီယမ်လော်ရိုင်းလ်ဆာလ်ဖိတ် ၁%ပါသည့်အရည် လိမ်းပေးသောနေရာ (ထိန်းချုပ်ထားသော - လူသိများသည့် အရေပြားယားယံ စေသောပစ္စည်းလိမ်းပေးခြင်း)။ စမ်းသပ်သည့် ထုတ်ကုန်များကို ကပ်ခွာဂွမ်းဖတ် တွင် လိမ်းပြီး လက်ဖျံတွင်ကပ်ထားစေကာ ၂၄နာရီကြာပြီးနောက် ခွာလိုက် သည်။ အရေပြား၏တုံ့ပြန်မှုကို ၂၄နာရီ၊ ၄၈နာရီ၊ ၇၂နာရီနှင့် ၉၆နာရီအသီးသီး ကြာပြီးနောက်လေ့လာသည်။ အကဲဖြတ်ချိန်တွင် အရေပြားဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ရှိနေသည်။ တုံ့ပြန်မှုကို အဆင့် ၀ မှ ၄ (၀- တုံ့ပြန်မှုလုံး၀မရှိမှ ၄ - မီးလောင်သကဲ့သို့ နီရဲမှု)များအဖြစ် အဆင့်ခွဲသည်။

ရလဒ်

ထိခိုက်လွယ်သောအရေပြားများတွင့် Bi-Oil သုံးခြင်းဖြင့် ယားယံစေသော ဓါတ်ပစ္စည်းမပါ၀င်ကြောင်းတွေ့ရသည်။ ပါ၀င်သူတစ်ဦးမှ Bi-Oil အား ဓါတ်မ တည့်သောတုံ့ပြန်မှုမရှိခဲ့ပါ။ ၉၆နာရီကြာပြီးနောက်တွင် ပျမ်းမျှခြင္း ၀.၀၃ ပမာဏရွိေသာ တံု႔ျပန္မႈသာရွိသည်။ Bi-Oil သည် ဓါတ်ဖြိုခွဲထားသော ရေထက် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်သည်။