အမာရ္ဂတ်များနႇင့်ပတ်သက်၍လ့လာချက်, ၂၀၁၀

လေ့လာမႈျပဳလုပ္သည့္ဌာန

proDERM Institute, လက်တွေ့အသုံးချ အရေပြားရောဂါကုသမှုဆိုင်ရာ သုတေသနဌာန၊ ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့

ရည်ရွယ်ချက်

Bi-Oil ၏ အမာရွတ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေသော အရည်အသွေး ကို လေ့လာအကဲခတ်ရန်

နမူနာများ

ကွဲပြားသော လူမျိုးအသီးသီးရှိသည့် အမျိုးသမီး ၃၆ ဦး၊ ပါ၀င်သူများ၏ အသက် အရွယ် - ၁၈ နှစ်မှ ၆၅နှစ်၊ အမာရွတ်သက်တမ်း - အသစ်ဖြစ်သော အမာရွတ်မှ ၃နှစ်သက်တမ်းအထိရှိသည့်အမာရွတ်၊ အမာရွတ်တည်နေရာ - ၀မ်းဗိုက်၊ ခြေ ထောက်၊ လက်မောင်း၊ လည်ပင်း၊ ဒူး၊ ဗိုက်၊ ခန္ဓာကိုယ်အပေါ်ပိုင်း

နည်းစနစ်

နှစ်ထပ်အကာ၊ ကျပန်းရွေးချယ်မှုနှင့် အာနိသင်မဲ့ဆေး၀ါးဖြင့်ထိန်းချုပ်မှု၊ ပါ၀င်သူ များတွင် တူညီသော အရွယ်ရှိသည့်အမာရွတ် သို့မဟုတ် တစ်၀က်စီ အမာရွတ် ကိုလိမ်းပေးနိုင်မည့် ကြီးမားသောအရွယ်ရှိသည့်အမာရွတ်များနှင့် ပါ၀င်သူများ အကြား နှိုင်းယှဉ်လေ့လာချက်။ ကုန်ပစ္စည်းကို တစ်နေ့နှစ်ကြိမ်၊ ၈ ပတ်ဆက် တိုက်လိမ်းပေးပြီး လိမ်းလိုသောနေရာပေါ်တွင် ထပ်ပြီးနှိပ်နယ်ပေးခြင်းများ မပြုလုပ်ပါ။ ဆေးလိမ်းခြင်းကို ပုံမှန်အချိန်တစ်ခုတိုင်း ကြီးကြပ်မှုအောက်တွင် ပြုလုပ်ပါသည်။ အကဲဖြတ်သုံးသပ်ခြငး်ကို ၀၊ ၂၊ ၄၊ နှင့် ၈ ပတ်များတွင် ပြုလုပ်သည်။ လူနာနှင့် လေ့လာသူတို့အကြား အမာရွတ် လေ့လာအကဲဖြတ်မှု ပမာဏ (POSAS) ပါ အမာရွတ်အရွယ်အစား ပေါ်အခြေခံပြီး အကဲဖြတ်သည်။

ရလဒ်

Bi-Oil သည် အမာရွတ်များ၏အသွင်အပြင်ပိုမိုကောင်းမွန်လာရေးအတွက် ထိ ရောက်မှုရှိသည်။ ရလဒ်များအရ နှစ်ပတ်အတွင်း (၁၅ရက်ကြာသည့်အခါ) သိသာသည့် ရလဒ်ကိုတွေ့ရှိရသည်။ ၄င်းကို ပါ၀င်သူ ၆၆%တွင်တွေ့ရသည်။ ရှစ်ပတ်ကြာပြီးနောက် (၅၇ရက်ကြာ)တွင် ပါ၀င်သူများ၏ ၉၂%မှာ တိုးတက်မှုကို ဖော်ပြသည်။ နှစ်ပတ်ကြာပြီးနောက်တွင်ရှိသော ရလဒ်ထက် ၃ဆမျှ ပိုမိုတိုး တက်မှုရှိသည်ကို တွေ့ရသည်။ POSAS ၏ စဉ်ဆက်မပြတ်တိုးတက်မှုကိုလည်း လေ့လာမှုအချိန်တစ်လျှောက်တွေ့ရသည်။