ရေဓါတ်ခမ်းခြောက်နေသော အရေပြား လေ့လာမှု ၂၀၁၁

လေ့လာမႈျပဳလုပ္သည့္ဌာန

Photobiology ဓါတ်ခွဲခန်း၊ တောင်အာဖရိက ဆေးတက္ကသိုလ်

လေ့လာမှု ၁

ရည်ရွယ်ချက်

Bi-Oil တစ်ကြိမ်လိမ်းရုံဖြင့် အရေပြားအစိုဓါတ်ထိန်းနိုင်မှုနှင့် အစိုဓါတ်ဆုံးရှံုးမှု အဟန့်အတားဖြစ်စေသော သက်ရောက်မှုကို လေ့လာအကဲဖြတ်ရန်

နမူနာများ

ပါ၀င်သူများ - လူမျိုးကွဲပြားသည့်အမ်ိဳးသမီး အေယာက္ ၄၀၊ စမ်းသပ်သည့်နေရာ - ပါ၀င်သူများအားလုံး၏ လက်ဖျံ လက်မောင်းအပြင်ဘက် နေရာများ

နည်းစနစ်

ပထမဦးစွာ အရေပြားခြောက်သွေ့မှုကို Corneometer ဖြင့် တိုင်းတာပြီး အရေပြား အစိုဓါတ်ဆုံးရှုံးမှုဟန့်တားနိုင်စွမ်းကို Vapometer ဖြင့် ဒုတိယအဆင့် တိုင်းတာသည်။ ပါ၀င်သူများသည် မတိုင်းတာမီ သူတို့လက်ဖျံများကို ဆပ်ပြာဖြင့် ၂နာရီ ကြိုတင်ဆေးကြောကြသည်။ ထို့နောက် ကိရိယာမျာဖြင့် တိုင်းတာ သည်။ ပါ၀င်သူများအားလုံး၏လက်ဖျံနှစ်ဖက်မှ တစ်ဖက်စီတွင် Bi-Oil နှင့် အခြားအဆီတစ်မျိုးတို့ကို လိမ်းပေးသည်။ ထို့နောက် ပြန်လည်တိုင်းတာ စစ်ဆေးမှုကို ဆေးလိမ်းပြီးပြီးချင်း နှစ်နာရီအကြာတွင် လိမ်းထားသော နေရာများကို ရေမဆေးရသေးမီနှင့် ရေဆေးပြီးချိန်တို့တွင် တိုင်းတာသည်။ အချိန်တိုင်းတွင် ထိန်းချုပ်ထားသည့် ဆေးမလိမ်းထားသော နေရာများကိုလည်း တိုင်းတာသည်။

ရလဒ်

လိမ်းပြီးပြီးချင်းတွင် အဆီနှစ်မျိုးလုံးသည် လိမ်းထားသောနေရာများတွင် ရေဓါတ်ဆုံးရှုံးမှုကို လျှော့ချပေးကြောင်းတွေ့ရသည်။ နှစ်နာရီကြာပြီးနောက် အရေပြားပေါ် ဆေးလိမ်းထားသော နေရာများတွင် အဆီနှစ်မျိုးလုံးသည် အစို ဓါတ်ပိုတိုးလာစေကြောင်းတွေ့ရသည်။ နှစ်နာရီကြာပြီးနောက် ဆေးလိမ်းထားသော နေရာများကို ရေဆေးချပြီးသည့်အခါ Bi-Oil သည် အရေပြားအစိုဓါတ်အား ပိုပြီးထိန်းပေးထားနိုင်ကြောင်းတွေ့ရသည်။ ၄င်းမှာ Bi-Oil သည် အရေပြားအစိုဓါတ်ထုတ်လုပ်မှုကို တိုးစေပြီး အရေပြားအစိုဓါတ်ကို ထိန်းပေးကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။

လေ့လာချက် ၂

ရည်ရွယ်ချက်

Bi-Oil အားတစ်နေ့နှစ်ကြိမ်လိမ်းပေးခြင်းဖြင့် အရေပြားအစိုဓါတ်ထိန်းပေးခြင်း နှင့် အရေပြားခြောက်သွေ့မှုအား သက်သာစေခြင်းတို့ကို တိုင်းတာရန်

နမူနာများ

ကော့ကေးရှန်းအမျိုးသမီး ၂၅ ဦး၊ စမ်းသပ်သည့်နေရာ - ပါ၀င်သူအားလုံး၏ ခြေထောက်အတွင်းအပြင်နေရာအားလုံးကို လိမ်းပေးသည်။

နည်းစနစ်

၇ ရက်ခန့်ကြိုတင်ကာ ဆပ်ပြာကိုအသုံးပြုပြီး အရေပြားခြောက်သွေ့မှုကိုဖြစ်ပေါ် စေသည်။ Bi-Oil နှင့် အခြားအဆီတစ်မျိုးတို့ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးသည်။ အရေပြားလေ့လာအကဲဖြတ်မှုကို ထိုခုနစ်ရက်မှ နံပါတ် ၁ နှင့် ၃ ရက်များတွင် ပြုလုပ်သည်။ အမြင်အားဖြင့် အကဲဖြတ်မှုကို စနစ်တကျလေ့ကျင့်ထားသော အမြင်ဖြင့် အကဲဖြတ်ကျွမ်းကျင့်သူက 2x ချဲ့ကြည့်နိုင်သည့် မှန်ဘီလူးပါ မီးအိမ် ဖြင့် အကဲဖြတ်သည်။ ထိန်းချုပ်ထားသည် ဆေးမလိမ်းသောအပိုင်းများကိုလည်း အချိန်တိုင်း အကဲဖြတ် သည်။

ရလဒ်

Bi-Oil နှင့် အခြားအဆီ နှစ်မျိုးလုံးသည် မလိမ်းသောနေရာများထက် အရေပြား ခြောက်သွေ့မှုကို ပိုကောင်းစေကြောင်းတေ့ွရသည်။ ၃ ရက်မြောက်နေ့တွင် Bi-Oil သည် သိသိသာသာ ပိုမိုကောင်းမွန်လာသည်။ Bi-Oil လိမ်းသောနေရာ များတွင် အရေပြားသည် ခြောက်သွေ့မှုပိုနည်းသွားပြီး ပိုမိုကြည့်ေကာင္းလာသည္ကုိ သိသာထင်ရှားစွာတွေ့ရသည်။