၀က်ခြံအရေပြား လေ့လာမှု ၂၀၁၂

လေ့လာမႈျပဳလုပ္သည့္ဌာန

အရေပြား​ရောဂါဌာန၊ ပီကင်းတက္ကသိုလ် ပထမဆေးရုံ၊ ဘေဂျင်း၊ တရုတ်နိုင်ငံ။

ရည်ရွယ်ချက်

Bi-Oil ၏ တရုတ်လူမျိုးများ မျက်နှာပေါ်မှ ၀က်ခြံကြောင့်ဖြစ်သော အမာရွတ် များကို ထိရောက်သက်သာစေမှုအား ရှင်းလင်းဖော်ပြနိုင်ရန်

နမူနာများ

ပါ၀င်သူများ - မျက်နှာတွင်၀က်ခြံကြောင့်ဖြစ်သောအမာရွတ်အသစ်များ (သက် တမ်း တစ်နှစ်အောက်) ရှိသည့် တရုတ်လူမျိုး ၄၄ဦး။ Bi-Oil ကုသမှုဆဲလ်အား ၃၂ဦးတွင်အသုံးပြုပြီး ၁၂ဦးတွင် ကုသမှုဆဲလ်ထည့်သွင်းအသုံးမပြုပါ။ ပါ၀င်သူ များ၏အသက် - ၁၄နှစ်မှ ၃၀နႇစ်။

နည်းစနစ်

ကျပန်းစနစ်၊ ထိန်းချုပ်ထားသော၊ ထိရောက်မှုအဆင့်ခွဲသူအား မျက်လုံးပိတ်ထား သည်။ ပါ၀င်သူများသည် ကနဦး စစ်ဆေးမှုအကဲဖြတ်စနစ်နှင့် တစ်ပတ်ကြာ washout ကာလတို့ကို ပါ၀င်ခဲ့ကြသည်။ ကုန်ပစ္စည်းကို တစ်နေ့နှစ်ကြိမ်၊ ၁၀ပတ် ကြာလိမ်းပေးသည်။ ဆေးကို ပုံမှန်အချိန်တိုင်း ကြီးကြပ်မှုအောက်တွင် လိမ်းပေး သည်။ အကဲဖြတ်မှုကို ၀၊ ၄၊ ၈နှင့် ၁၀ပတ်များတွင် အောက်ပါအချက်များ ပါ၀င်အောင် စစ်ဆေးသည်။ ကမ္ဘာလုံးဆိုင်ရာ အမာရွတ်အဆင့်ရမှတ်များ (GSS)၊ ၀က်ခြံအမာရွတ်အရောင်၊ နီမြန်းမှုတို့ကို chromameter ဖြင့်တိုင်းတာ ခြင်း၊ sebum အဆင့်ကို sebummeter နှင့်တိုင်းတာခြင်း၊ ရောင်ရမ်းမှုများကို အရေပြားကုသပညာရှင်များမှ မှတ်တမ်းရယူခြင်းတို့ပါ၀င်သည်။ ပါ၀င်သူများ သည် တွေ့ဆုံမှုတစ်ကြိမ်တိုင်းတွင် မိမိကိုယ်ကို အကဲဖြတ်သုံးသပ်မှုမေးခွန်းလွှာကို ဖြေဆိုကြရသည်။

ရလဒ်

ကုထုံးဆိုင်ရာအဆင့်သတ်မှတ်မှုစမ်းသပ်ချက်၏အကောင်းဆုံးရလဒ်မှာ Bi-Oil သည် အရေပြားမျက်နှာပြင်တစ်ခုလုံးအား ပိုမိုအရောင်တောက်လာအောင် ပြု လုပ်ပေးခြင်းအားဖြင့် ၀က်ခြံကြောင့်ဖြစ်သည့် ချပ်သောအမာရွတ်များ၏ နီရဲမှုုကို လျှော့ချပေးနိုင်သောအရည်အချင်းကို တေ့ွရခြင်းပင်ဖြစ်သည်။ မိမိကိုယ်ကို အကဲဖြတ်မေးခွန်းလွှာရလာဒ်များအရ စမ်းသပ်မှုတွင်ပါ၀င်သူ ၈၄%မှာ ၄င်းတို့၏ ၀က်ခြံကြောင့်ဖြစ်သော အမာရွတ်များ အဘက်ဘက်မှ အခြေအနေ တိုးတက် ကောင်းမွန်လာသည်ကို တွေ့ကြုံရပြီး ၉၀%မှာ အနာရွတ်များ၏အရောင်အဆင်း ပိုမိုတိုးတက် ကောင်းမွန်လာသည်ကို ကြုံတွေ့ခဲ့ကြရသည်။ ၀က်ခြံအရေအတွက် နှင့် အရောင်အဆင်းကိုတိုငး်တာမှုရလဒ်အရ Bi-Oil သည် ၀က်ခြံဖြစ်ပေါ်မှုနှင့် ၀က်ခြံမှအရည်ထုတ်လုပ်မှုကို ဖြစ်ပေါ်စေခြင်းနှင့် ပိုမိုဆိုး၀ါးလာခြင်းတို့ မဖြစ်စေ ကြောင်း တွေ့ရသည်။