အရေပြားစင်းကြောင်းများ

ခန္ဓာကိုယ်သည် အပေါ်မှအုပ်ထားသောအရေပြားထက် ပိုပြီးမြန်မြန်ကျယ်ပြန့် ကြီးထွားလာသောအခါ အရေပြားကွဲအက်လာပါသည်။ ထိုအနာများ ကျက်သွား သောအခါ အမာရွတ်များဖြစ်ကျန်ခဲ့ပြီး ၄င်းတို့ကို အရေပြားပေါ်တွင်စင်းကြောင်း များအဖြစ် တွေ့မြင်နိုင်ပါသည်။

အရေပြားအမျိုးအစား၊ လူမျိုး၊ အသက်၊ အစားအသောက်ပုံစံနှင့် အရေပြားအစို ဓါတ်တို့ပေါ် မူတည်ပြီး အရေပြားစင်းကြောင်းဖြစ်ပေါ်ပုံကွဲပြားနိုင်ပါသည်။ အများ ဆုံးဖြစ်နိုင်သူများတွင် ကိုယ်၀န်ဆောင်အမျိုးသမီးများ၊ ကိုယ်ကာလဗလ လေ့ကျင့်ခန်းလုပ်သူများ၊ ရုတ်တရက်ကြီးကောင်၀င်လာသော ကလေးငယ် များ၊ ကိုယ်အလေးချိန် ရုတ်တရတ် တိုးလာသူများပါ၀င်ပါသည်။

အရေပြားစင်းကြောင်းများ၏သဘာ၀မှာ အမြဲတည်ရှိနေတတ်သောကြောင့် Bio -oil အသုံးပြုခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာစေသော်လည်း လုံး၀ပျောက် အောင် ပြုလုပ်နိုင်မည်မဟုတ်ပါ။

Bi-Oil ကို အရေပြားစင်းကြောင်းများပေါ်တွင် စက်၀ိုင်းပုံသဏ္ဌာန်နှိပ်နယ်ပေးပြီး စိမ့်၀င်စေရပါ မည်။ တစ်နေ့နှစ်ကြိမ်၊ သုံးလခန့် အနည်းဆုံးဆက်ပြီးလိမ်းပေး ရမည္။ ကုိယ္၀န္ေဆာင္ချိန်တွင် ဒုတိယသုံးလပတ်ကာလခန့်မှစပြီး အရေပြား အကြောပြတ်မှုဖြစ်နိုင်သော ၀မ်းဗိုက်၊ ရင်သား၊ ကျောအောက်ပိုင်း၊ တင်ပါးနှင့် ပေါင်များကို လိမ်းပေးရမည်။

သုံးစွဲသူတစ်ဦးချင်းစီအလိုက် ရလဒ်များ ကွဲပြားနိုင်ပါသည်။